ဝေးနေတော့မှ
အတွေးတွေက ပိုလှလာတယ်
…
တနယ်တကျေးဆိုတာလည်း
ပညတ်ချက်တစ်ခုပေါ့ …
ချစ်တတ်တဲ့သူတွေ
အတွက်တော့
အကွာအဝေးတိုင်းဟာ
စိတ်တစ်ညို့စာလေးပါပဲ …
ပေးခဲ့တဲ့ အနမ်းတွေ
နွေးထွေးနေတုန်း
ပြုံးခဲ့တဲ့
နေ၀င်ချိန်တွေ တောက်ပနေတုန်း …
ဒီတော့ နှလုံးသားနှစ်ခုဝေးရတဲ့
ခဏတာမှာ
နှုတ်ဆက်ခွဲခွာခြင်းကို
ဘယ်တော့မှ မနာကျင်တတ်ခဲ့ဘူး …
ရည်စူးထားတဲ့
အိပ်မက်ကလေးပိုတိကျဖို့
ကြည်နူးရမယ့်
အချိတ်အဆက်တွေတော့လိုတယ် …
မနက်ခင်းဆို
နေခြည်ပျိုနဲ့ အတူတူ သတိရမယ် ..
ညခင်းဆို လရောင်ချိုနဲ့
ကြည်ဖြူ တမ်းတမယ် …
ကဲ ဘယ်မှာလဲ
အလွမ်းအဆွေးတွေ …
ကမ်းဝေးနေလည်း
တွေ့နေရဆဲပေါ့ ..
အချစ်က ဘယ်တော့မှ
ငြိမ်းမသွားမယ့် အလင်းရောင် …
တစ်ယောက်ထဲ ညအမှောင်တွေမှာ
သူအမြဲရှိနေတတ်တဲ့နောက် …
အထီးကျန်ခြင်းဟာ
ကိုယ့်ကိုယ် တစ္ဆေလို မခြောက်နိုင်တော့ဘူး …
.............................
စိုးသူရ
(29-4-2014)
No comments:
Post a Comment