Thursday, March 14, 2013

ကျေးဇူးပြု၍ ဒီကဗျာကိုမဖတ်ပါနဲ့


အဖျော့တော့ဆုံးသာ တောက်ပနေသော မျှော်လင့်ချက်တစ်ခုကို အငွေ့ပျံမသွားစေဖို့
ကျေးဇူးပြု၍ ဒီကဗျာကိုမဖတ်ပါနဲ့ …

မကြာခဏ ခလုတ်တိုက်တတ်တဲ့ မျက်ဝန်းတွေဆီကနေ ခဏလေးပြေးထွက်ဖို့
ကျေးဇူးပြု၍ ဒီကဗျာကိုမဖတ်ပါနဲ့ …

လမ်းခွဲခြင်းဟာ နေညိုချိန်တိမ်တောက်ခြင်းမျိုးဆိုတာ သက်သေပြနိုင်ဖို့
ကျေးဇူးပြု၍ ဒီကဗျာကိုမဖတ်ပါနဲ့…

ဒီလိုလေးလံနေသော ခြေလှမ်းများရဲ့အဆုံး အမောပြေစရာတစ်ခုခုကို ရှာဖွေဖို့ရာ
ကျေးဇူးပြု၍ ဒီကဗျာကိုမဖတ်ပါနဲ့….

အကြိမ်အကြိမ် အခါခါ မှားယွင်းတတ်သော စိတ်နှလုံးတစ်စုံကို မေ့ဆေးပေးဖို့
ကျေးဇူးပြု၍ ဒီကဗျာကိုမဖတ်ပါနဲ့…

ပျောက်ကွယ်သွားသော ချစ်ခြင်းတစ်ခုအတွက် နှစ်သိမ့်စရာ တစ်ခုခုအစားထိုးဖို့
ကျေးဇူးပြု၍ ဒီကဗျာကိုမဖတ်ပါနဲ့…

အဝေးဆုံးကိုပြေးထွက်သွားပြီးမှ အနီးကို ဖြည်းဖြည်းချင်းပြန်လာမယ့် အရိပ်တစ်ခုကိုစောင့်စားဖို့သက်သက်ဆိုရင်
ကျေးဇူးပြု၍ ဒီကဗျာကို (လုံးဝ) မဖတ်ပါနဲ့ ….။

************

စိုးသူရ
(၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်)

3 comments:

  1. အရမ်းကြိုက်သည်

    ReplyDelete
  2. l think this poem
    seems to ask to read again and gain.

    ReplyDelete