တွေးမိတိုင်း
အရိပ်ထင်လာတာ အဲဒီ့အကြောင်းပဲ
...
တစ်နေ့ပြီး တစ်နေ့
တိတ်တဆိတ်ခံစားမှုမှာ
ပြောမထွက်သော စကားတစ်ခွန်းကို
စီးကရက်မီးခိုးငွေ့လို
ဖမ်းဆုပ်ချင်ခဲ့ပြီ ...
ရုံတင်ခွင့်မရသော
ဒီဇာတ်ကားမှာ
ကိုယ်ပဲ ဒါရိုက်တာ
ကိုယ်ပဲ ဇာတ်လိုက်
ကိုယ်ပဲ ဗီလိန်
...
ဘာကို ယုံကြည်ရမလဲ
...
ဘယ်သူ့ကို ယုံကြည်ရမလဲ
...
ဒီမေးခွန်းတွေကိုပဲ
ထွန်းညှိနေမိ ...
ဘ၀ကို အမှောင်ချပြီးပဲ
ဖွဲ့ဆိုတော့မယ် ...
မင်းဆာလောင်မှုတွေကို
နောင်ဘ၀အထိ ကွက်လပ်ဖြည့်ပေးဖို့
လူ့အဖြစ်အား
မျက်စေ့မှိတ် ဆုတောင်းမိသော
ရင်ဘတ်ထဲက စိတ္တဇ
...
မင်းခြေသံ မကြားရတဲ့
ညတွေဆိုရင်
တွေဝေသိမ်ငယ်စိတ်နဲ့
ရူးမိုက်စွာ တောက်လောင်နေမိတော့တယ်
....။
စိုးသူရ
Youth Magazine,
2010 July
No comments:
Post a Comment