Tuesday, March 26, 2013

ရုံးစာရေးကြီး ဖေဖေ့ကိုခွင့်လွှတ်ပါ သမီးရယ်


အခြေအနေအရ
ကော်ဖီမစ်တစ်ထုပ်ကို နှစ်ခွက်ခွဲဖျော်လိုက်တယ် …

တောင်းဆိုချက်အရ
ထမင်းဘူးထဲ ဆားနည်းနည်းဖြူးလိုက်တယ် …

လိုအပ်ချက်အရ
သမီးလေးစုဘူးထဲက ရာတန်နှစ်ရွက်လောက်နှိုက်ဖြစ်သွားတယ် …

ကိုယ့်အသိစိတ်နဲ့ကိုယ်
အထူးကားလာတာကို မမြင်ချင်ယောင်ဆောင်လိုက်တယ် …

ကိုယ့်လိပ်ပြာကိုယ်ရှက်ရှက်နဲ့ပဲ
ဒီတစ်လတော့ ခဲထားမယ်ဆိုတဲ့မာနကို
စိတ်ထဲက တောင်းပန်စကားဆိုပြီး
အရေးတကြီး လက်ဝါးဖြန့်လိုက်ရတယ် …
……………………………………………………

စိုးသူရ
(26-3-2013)


No comments:

Post a Comment