Monday, May 18, 2015

အရင်ကျောခိုင်းသွားသူဟာ ဘယ်တော့မှ မနိုင်ခဲ့ဘူး ...


ကျန်နေရစ်မှာလား ...
ချန်နေရစ်မှာလား ...
ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးမေးမိတယ် ...

တစ်ခါတလေ
ဇာတ်သိမ်းဆိုတာ
ကိုယ်က ပြတ်သားဖို့ ဆုံးဖြတ်လိုက်ပြီးကာမှ
ခြေလှမ်းတွေက ရှေ့ဆက်မရတာမျိုး ...

ကိုယ်က လက်ပြဖို့ တွေးပြီးကာမှ
သူက အရင်ကျောခိုင်းသွားတာမျိုး ...

နောက်ထပ်မေးစရာတွေ ကုန်သွားတာလား ...
နောက်ထပ်ဖြေမှာတွေကို မယုံတော့တာလား ...

မဆုံနိုင်တော့ဘူးဆိုတာ သိသိနဲ့
ကံတွေ မကုန်သေးဘူးလို့ပဲ ခေါင်းမာလို့ကောင်းတုန်း ...

ဝင်တော့မယ့် နေလိုပေါ့ ...
နောက်ဆုံးမြင်ရတဲ့ အပြုံးတွေဟာ လှပလွန်းတယ် ...

ဘယ်သူမှ မနိုင်ဘူးဆို
နှစ်ယောက်စလုံး ရှုံးလို့ပဲပေါ့ ...

ဒီ ဇာတ်လမ်းလေးအပြီး
ကိုယ့်မာနကိုယ် ပြန်ပြီး အံ့သြတကြီး ထိတ်လန့်လို့ ...


#SoeThuRa
(18-5-2015)

No comments:

Post a Comment