တကယ်ဆို ဘာမှမဟုတ်ဘူး
…
ဒီလိုမော့ချလိုက်ရုံနဲ့
သံသရာကလွတ်မြောက်သွားမှာလား …
မနှစ်မြို့ခြင်းကို
တပ်မက်ခြင်းနဲ့ရောစပ်ပြီး မျိုချလိုက် …
လည်ချောင်းထဲမှာ
ရှတတဖြစ်ရင်လည်း ခဏပေါ့ …
မှိန်တစ်ခါ လင်းတစ်လှည့်
ဝတ်ဆင်ထားတဲ့
အနက်ရောင်ကုတ်အကျီင်္မှာ
လူကြီးလူကောင်းအမှတ်တံဆိပ်မပါဘူး
…
ဆေးရောင်စုံ
သတ္တုသံအက်အက်များ …
အမှိုက်တွေပဲ
…
လှဲထုတ်ပစ်လိုက်မယ်
…
မရယ်ရတဲ့ ခပ်ညံ့ညံ့ပြက်လုံးတွေထဲမှာ
လိင်ကိစ္စ…
ရှယ်ယာဈေးကွက် … ချိန်းဆိုထားသော ယဉ်ကျေးမှုအတုများ
..
အားလုံး ဟာသချည်းပဲ
…
အဆီတစ်ထပ် အသားတစ်ထပ်
…
ဒီလူက အကုသိုလ်နဲ့
တော်တော်စီးပွားဖြစ်ပုံပဲ …
ခေါက်ထားလိုက်စမ်းပါကွာ
…
အချစ်ဟာ အသားညှပ်ပေါင်မုန့်လောက်တောင်
အရသာမရှိဘူး …
ထိုင်နေတာလည်း
မနေ့ညက၀ိုင်းပဲ …
တွေးနေတာလည်း
မနေ့ညက အတွေးပဲ …
နားထောင်နေတာလည်း
မနေ့ညက သီချင်းပဲ ..
ကိုကိုနဲ့ပဲ
တွဲကလိုက်ချင်တယ် တဲ့ …
စိတ်ကို ရင်ဘတ်ထဲရှိသလောက်
ဖွင့်ပစ်လိုက်မယ် …
ဒီညတော့ နောက်ထပ်ဘာမေးခွန်းမှ
မဖြေချင်တော့ဘူး …
ဘယ်သူမှ မသောက်ဘဲမူးနေရင်
ကိုယ်ဟာ ပြိုင်ဘက်မရှိ
သူရဲကောင်းပဲ …
အဆိပ်က တစ်ကိုယ်လုံးပျံ့နေပြီ
…
အိမ်ပြန်ဖို့ပါပဲ
…
လက်ပြမနှုတ်ဆက်ပါနဲ့
…
နောက်ဆုံးအကြည့်တစ်ချက်မှာ
ဒီသီချင်းကို
အဆုံးသတ်ပစ်လိုက်ဖို့ မအောင်မြင်ခဲ့ပြန်ဘူး …
.......................
Soe Thu Ra
No comments:
Post a Comment