မင်းအဲဒီလို
နူးနူးညံ့ညံ့လေး ရယ်လိုက်တော့
ငါခံနိုင်ရည်တွေ
အားပျော့ ပျော့လာတယ် ...
မင်းနဲ့ဝေးတဲ့ကမ္ဘာမှာ
ငါဟာ ကျည်မရှိတော့တဲ့
လက်ဖြောင့်တပ်သား ...
ဟိုက်ထရိုဂျင်ကုန်သွားတဲ့
မိုးပျံပူဖောင်း ...
ဘူတာစဉ်မရပ်ဘဲ
မောင်းနေရတဲ့ မြို့ပတ်ရထား ...
ငါ့နှလုံသားလည်း
ဓာတ်ခဲအားကုန်နေပါပြီ ...
တစ်ကမ္ဘာလုံးအတွက်
ဗီဇာရထားလည်း
ငါ့က မင်းနှလုံးသားတံခါးကိုမှ
အကြိမ်ကြိမ်ခေါက်မိသူ ...
မင်းကအိပ်စက်ချိန်ဆို
ငါက နေ့ခင်းကြီး အိပ်မက်နေပေါ့ ...
မင်းအိပ်မက်ကနေမိုးလင်းတော့
ငါက အိပ်ယာထက်မှာပက်လက် ...
ငါတို့နှစ်ယောက်
အိပ်မက်ထဲမှာတောင်
နည်းနည်းကလေးယောင်လို့
ခလုတ်မတိုက်ခဲ့ကြဘူး ...
ဆူး စူးတယ်တယ်ဆိုတာ
...
ခူးတဲ့သူရဲ့အပြစ်တဲ့လား
...
ဒါဆို မင်းနှလုံးသားဟာ
ပွင့်ဖတ်တွေမရှိတော့တဲ့ နှင်းဆီ ...
ငါမင်းဆီက
လိုချင်တာက
မင်းငါ့ကို
မပေးနိုင်တဲ့ တစ်ဖက်သတ်အချစ် ...
နေရစ်ခဲ့ပါပြီ
...
အချစ်က နွေရာသီဆို
ငါငိုနေတဲ့
ဒီမျက်ရည်ညတွေမှာ
မင်း အားရပါးရ
စိုပြည်ဖူးပွင့်နိုင်ပါစေ ...
..................................................
စိုးသူရ
(14-2-2013)
IGREAT!
ReplyDelete