Thursday, March 14, 2013

ရန်ကုန်မှာ

လေတယ်..
စိတ်
အချိန်
အမှိုက်သရိုက်…


ဖြတ်လိုက်တယ်…
ဆေးလိပ်
လက်သန်းက လက်သည်းရှည်
ငြီးငွေ့ဖွယ် ရည်းစားတစ်ယောက်…


ဖောက်လိုက်တယ်…
သစ္စာတရား
ဘီယာပုလင်း
အသစ်စက်စက် ဟစ်ဟော့ပ် သီချင်းခွေ…


ကြွေချင်တယ်…
သစ်ရွက်လို
ကောင်မလေးတွေဆီ
မညီညာသော ညနေခင်းများ…


ပါးခဲ့တယ်…
နောက်ဆုံးသတင်း
ဆံပင်ပုံစံ
သတိတရ စာတစ်စောင်…


ဆောင်ထားတယ်…
တွယ်အပ်တစ်ချောင်း
ပိုက်ဆံအကြွေ
အကာအကွယ် ပစ္စည်းတစ်ခု…


စုဖြစ်တယ်…
ထီလက်မှတ်
ဘောလုံးဂျာနယ် အဟောင်းများနဲ့
နိစ္စဓူဝ အကုသိုလ်တရား…


ဒီလိုနဲ့ပဲ နောက်တစ်နှစ်ကူးသွားပေါ့….။
....................................................


စိုးသူရ

No comments:

Post a Comment