Thursday, March 14, 2013

မင်းနဲ့ငါ့ကိစ္စ

 “ဘာဖြစ်လို့လည်းဆိုတော့…”
ဒီလို စလိုက်တာနဲ့
သိတယ်… ငါ့ ခံနိုင်ရည်ကို အတင်းတွန်းနှဲ့မယ့်..
အကြောင်းပြချက်စကားလုံးတွေ…
စတော်ဘယ်ရီရောင် မင်းနှုတ်ခမ်းရေတံခွန်က…
အဆက်မပြတ်သွန်ကျလာတော့မှာပဲ….

ခံပေါ့ကွာ… ငါကလည်း ငါပဲ....
မင်းမျက်လုံးတွေကို သေချာစိုက်ကြည့်….
“ငါအားလုံးသိပြီးသားပါကွာ…”  လို့
အေးအေးသက်သာ ပြောလိုက်ဖို့
အမြဲတွေဝေမိန်းမောနေတာပဲ….

တကယ့် တကယ်ဆို…
ဘယ်သူက ဒီအချစ်ကို ဆော့ချင်မလဲ…

ငါမဟုတ်တာတော့ သေချာတယ်….
မင်းကိုယ်မင်းပဲ ပြန်သေချာကြည့်ပါ….
(အေးအေးဆေးဆေး အချိန်ယူပြီးတော့ပေါ့ကွာ….)

တစ်ခါတစ်လေကျတော့
ခံစားချက်ထက်အရေးပါတဲ့ တကယ့်လက်တွေ့တရားအကြောင်း
မင်းကို ကောင်းကောင်းပြောပြချင်ပေမယ့်….
ခုထိ….
ငါ့မျက်လုံးကို တစ်ချက်မှ မင်းစိုက်မကြည့်တာက ဆိုးတယ်….။


စိုးသူရ
(၂.၇.၂၀၁၁)

No comments:

Post a Comment