နှုတ်ခမ်းလေးတွေအေးနေမှာလား
…
ဒီလိုစဉ်းစားမိတဲ့အခါ
ငါ့အနမ်းတွေရဲ့
နွေးထွေးမှုကို သတိရစေချင်တယ် …
မျက်လုံးလေးတွေဆွေးနေမှာလား
…
ဒီလိုတွေးမိတဲ့အခါ
ငါ့အကြည့်တွေရဲ့
ရယ်ရွှင်ရိပ်နဲ့အိပ်စက်စေချင်တယ် …
ခံစားချက်တွေပွန်းရှကုန်ပြီလား
…
ဒီလိုသနားလိုက်မိတဲ့အခါ
ငါ့နှလုံးသားရဲ့
အေးမြမေတ္တာနဲ့ သက်သာရာရစေချင်တယ် …
ငါ့အတွက် နင်ဟာ
…
ဘယ်ရော ညာရော
ပေါင်းမှ
ရှေ့ကို ဆက်လို့ရတဲ့
အနာဂတ်ခြေလှမ်း …
နင်ဟာ ငါ့အတွက်
…
မနိုးထတမ်း အမြဲမက်ချင်တဲ့
ရောင်စဉ်ခုနစ်သွယ်နဲ့
စိန်စီတဲ့အိပ်မက် …
နင့်အတွက် ငါကတော့
…
အရောင်ခပ်ဖျော့ဖျော့
ကြယ်တစ်စင်းပေါ့ …
နင့်ဘေးနားက
တောက်ပတဲ့အလင်းတွေကို
ငါဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူးလေ
…
အချစ်ဦးဆိုတာ
အချစ်ဆုံးမဟုတ်ခဲ့ပေမယ့်
အချစ်ကို သိပ်မုန်းသွားတဲ့
အချစ်ရှုံးသမားတော့ဖြစ်ခဲ့တယ်
…
အချစ်က တနယ်တကျေးဆို
ငါက အဝေးရောက်လေညှင်းပေါ့
…
နင့်ကို အခုဆို
အငွေ့အသက်လေးပဲ မှန်းမှန်းပြီးလွမ်းနေရတော့တယ် …
……………….
စိုးသူရ
(7-3-2014)
No comments:
Post a Comment