အလွမ်းဟာ
သံလွင်ရေထဲမှာ တသွင်သွင်စီးလို့
…
တိတ်တခိုးအနမ်းဟာ
ကမ်းနားလမ်းတစ်လျှောက်မှာ
ဖူးပွင့်လို့ …
နှုတ်ဆက်မျက်ရည်ဟာ
အဝေးပြေးကားဂိတ်ထဲမှာ
ဟိုဟိုဒီဒီပြန့်ကျဲလို့ …
တွယ်ငြိနေဆဲ
သူ့လက်ဖ၀ါးရဲ့အနွေးဓာတ်ဟာ
အတွေးထဲမှာတောင်
နူးညံ့သက်ဝင်လို့ …
ကိုယ့်ကို
အစာဝသွားတဲ့
ဇင်ယော်ငှက်လေးတွေလို
အဝေးကို ပျံပြေးသွားပြီလို့
သူထင်နေမှာလား …
ကတိစကားတွေဟာ
စကားလုံးသက်သက်မဟုတ်ခဲ့ဘူးဆိုတာကို
သူ့ကို သိစေချင်လည်း
…
နီးနီးလေးနဲ့ပဲ
အဝေးကြီးဝေးနေရဆဲ
ဒီလိုအဖြစ် …
တို့နှစ်ယောက်ရဲ့
အချစ်ဆိုတဲ့နာမည်နဲ့
ကျွန်းကလေးပတ်လည်မှာ
မသေချာခြင်း
ဝဲဂယက်တွေသာ ရေတွက်လို့မဆုံး …
ဒီလိုနဲ့ ချစ်သူ့
အပြုံးဟာ
နေညိုချိန်မှာ
အလှပဆုံး တောက်ပခဲ့တဲ့ သီချင်းပေါ့
ကျန်တဲ့ ၃၆၄
ရက်စာ ကိုယ်ကမ္ဘာကို လင်းစေခဲ့တယ် …
…………………..
စိုးသူရ
(16-3-2013)
No comments:
Post a Comment