Tuesday, February 18, 2014

ဆူးလေ


စံပယ်တွေလည်း စံပယ်တွေလိုမမွှေးမြ …
ခိုတွေလည်း ခိုတွေလိုမညည်းကြ …

ဆည်းလည်းသံ ချိုအေးအေးဟာ
ဘေးချင်းကပ်ရက်က ခေါင်းလောင်းထိုးသံကြားမှာ ပျောက်ကွယ်တိုးလျ….

ခေတ်အဆက်ဆက် အဖိနှိပ်ခံလူကူးမျဉ်းကျားဟာ
ဘုရားခြေတော်ရင်းမှာဝပ်တွားခယလို့ …

အကြိမ်ကြိမ်ချွတ်လို့မှ မကျွတ်နိုင်တဲ့ အပူတွေ …
နွေရာသီဟာ ကတ္တရာလမ်းပေါ်မှာ တငွေ့ငွေ့ ….
ရှာနေတဲ့တရားကိုလည်း ခုထိ ဘယ်မှာမှမတွေ့သေးဘူး ….
……………………………


စိုးသူရ
(30-10-2013)





No comments:

Post a Comment