တိုက်ဆိုင်မှုတွေ
များလွန်းတော့လည်း
အတိတ်ဆိုတာ
နံရံလေးဖက်ပေါ်က
ဆေးရောင်စုံရှုခင်းထဲ
ဟိုအရင်လိုပဲ
စိမ်းလန်းဝေဆာလို့ ...
သူ့အချစ်နဲ့
ထွန်းညှိမှ လင်းတဲ့
အခန်း
သူ့နှုတ်ခမ်းတစ်ချက်
တွန့်လိုက်မှ
လူးလွန့်သွားတဲ့ လိုက်ကာ
သူ့အကြင်နာတွေနဲ့
ချော့မြူတွန်းဖွင့်မှ
ပွင့်တဲ့ ပြူတင်းတံခါး ...
အခုတော့ ဘ၀တွေလည်း
အလိုလိုခြားခဲ့ပြီ ...
သူရယ်သံလေးတွေကို
နှလုံးသားနဲ့ဖမ်းယူနားဆင်
...
သူနာကျင်ငိုကြွေးတဲ့အခါ
ရင်ခွင်ထဲမှာ
ဖေးမအားပေး ...
အချစ်ဟာ သူ့လက်နဲ့ရေးခဲ့တဲ့
တစ်ဘ၀စာ ဖတ်စာ
...
နောက်ဆုံးရလာဒ်ကတော့
ပိုင်းခြေမှာပဲ
၁၀၀ အပြည့် ...
မေ့ပစ်လိုက်တဲ့သူနဲ့
မေ့ပစ်လိုက်ရတဲ့သူ
...
ဒုတိယလူက ပိုနာကျင်ရစမြဲမို့
သူ့အတွက်ရည်ရွယ်ထားတဲ့
ကိုယ့်အိပ်မက်အခန်းလေးထဲ
ဖရိုဖရဲပြန့်ကျဲနေတဲ့သတိရခြင်းတွေကိုသာ
အခါခါကောက်ယူစုစည်းလို့
မဆုံး ...
………………..
စိုးသူရ
(21-12-2013)
No comments:
Post a Comment