ပြန်တွေးသမျှ
အရာအားလုံးဟာ
၈၀ ခုနှစ်တွေကအတိုင်း
အဖြူအမည်း …
လက်ကျန်လေးကို
ဖြည်းဖြည်းဖွင့်ကြည့်တော့
စက္ကန့်တံလေးရွေ့လျားသွားပုံ
…
ယုံတယ် …
သေမင်းဟာ လာဘ်မစားဘူး …
ဒါပေမယ့် …
အဖျားအနာမကင်းသော
သံသရာမှာ
ခံစားဖူးသမျှကို
ရေတွက်ကြည့်ချင်မိသူ …
ချစ်သူတွေ ရာနဲ့မချီပေမယ့်
မုန်းသူတွေတော့
ထောင်သောင်းမက …
ရခဲ့တဲ့ ဒဏ်ရာတွေ
အသင်္ချေ …
မရေတွက်နိုင်တဲံ
ဝေဒနာတွေ အပုံအပင် …
ဒီလိနေ့မျိုးပေါ့
…
ဘုရားရှင်ရှေ့
တစ်ခါဦးခိုက်တိုင်း
အနှိုင်းမဲ့
မေတ္တာအနန္တကို ဆင်ခြင်
ရှင်သန်ခြင်းကို
တရားအသိနဲ့ ညှိပေမယ့်
ရခဲလှတဲ့ ဒီဘ၀ရိုးရိုးလေးကို
တိုးတိုးပြီး
ခင်တွယ်နေမိတာလည်း ကြာခဲ့ပေါ့ …
......................
စိုးသူရ
(4-12-2013)
No comments:
Post a Comment