Tuesday, October 29, 2013

ဆူးလေ



စံပယ်တွေလည်း စံပယ်တွေလိုမမွှေးမြ
ခိုတွေလည်း ခိုတွေလိုမညည်းကြ

ဆည်းလည်းသံ ချိုအေးအေးဟာ
ဘေးချင်းကပ်ရက်က ခေါင်းလောင်းထိုးသံကြားမှာ ပျောက်ကွယ်တိုးလျ.

ခေတ်အဆက်ဆက် အဖိနှိပ်ခံလူကူးမျဉ်းကျားဟာ
ဘုရားခြေတော်ရင်းမှာဝပ်တွားခယလို့

အကြိမ်ကြိမ်ချွတ်လို့မှ မကျွတ်နိုင်တဲ့ အပူတွေ
နွေရာသီဟာ ကတ္တရာလမ်းပေါ်မှာ တငွေ့ငွေ့  .
ရှာနေတဲ့တရားကိုလည်း ခုထိ ဘယ်မှာမှမတွေ့သေးဘူး .
……………………………


စိုးသူရ
(30-10-2013)




No comments:

Post a Comment