Sunday, October 27, 2013

နှလုံးသားဟာ ဖျားနာဖို့အဆင်သင့်

သူ့မျက်စောင်းလေးအောက်မှာ
ကိုယ်ခံအားမကောင်းသူတစ်ယောက် .

အရာရာမှာ နောက်ကောက်ကျခဲ့လွန်းလို့
မင်းနဲ့ပတ်သက်လာရင် အမြဲစိတ်စောနေတတ်ပြီပေါ့

ဘုရားအဆူဆူကို တိုင်တည်ပြီးဆိုခဲ့တဲ့ သစ္စာ
ဘ၀အဆက်ဆက်ကို ရည်ရွယ်ပြီး ထားခဲ့တဲ့ မေတ္တာ

အချစ်စစ်စစ်မှာ ကူးရင်းခတ်ရင်း
အကြိမ်ကြိမ်နစ်ခဲ့သူမို့

ကိုယ့်အကြောင်းနဲ့ကိုယ်
ကိုယ့်အတွေးနဲ့ကိုယ်
မင်းဘာမှမပြောလည်း ကိုယ့်တစ်ယောက်ထဲ အလိုလိုသိမ်ငယ်

အစထဲက မလည်ဝယ်နိုင်တဲ့ ဒီခရီးလမ်းမှာ
မင်းဘက်က ကမ်းတဲ့လက်တစ်ဖက်
ကိုယ့်ဘက်က လှမ်းတဲ့ခြေတစ်လှမ်း
ကမ္ဘာတစ်ခြမ်းစီမှာ နာကျင်စွာ နောက်ကျလို့

အခုဆို ကိုယ့်နှလုံးသားလည်း အလိုလိုနေရင်း အဖျားသွေးတစ်ရိပ်ရိပ်
 ..........................................

Soe Thu Ra







No comments:

Post a Comment