မပျော်နိုင်တော့ဘူး …
ရင်ထဲ စူးနေတဲ့ ဆူးဟာ ပိုပြီး နက်နက်လာတဲ့အခါ …
မခံနိုင်တော့ဘူး …
ရည်စူးထားတဲ့ အိပ်မက်တွေ ပြိုလဲကုန်တဲ့အခါ …
အစကတော့ သူစိမ်းတွေပေါ့
ခုတော့လည်း သူစိမ်းတွေပါပဲ …
ဒီကြားထဲကာလ အခိုက်အတန့်မှာတော့
တို့တွေကြား အစိမ်းရောင်နည်းနည်းဖျော့ဖျော့ခဲ့တယ် …
အမှန်နဲ့ အမှားဆိုတာ
နံရံပါးပါးလေးတစ်ချပ်သာ ခြားတာတဲ့လား …
မဟုတ်ဘူး …
တို့တွေကြားမှာ ခြားနေခဲ့တာ
တရုတ်ပြည်က မဟာတံတိုင်း …
ခံယူချက်ခြင်းမတူတော့လည်း ငါဟာ အရိုင်းအစိုင်းပေါ့ …
လူ့အသိုင်းအ၀ိုင်းဆိုတာ
မတူညီတာတွေကို ညှိနှိုင်းရတဲ့ စားပွဲဝိုင်းလား …
ပတ်ဝန်းကျင်ဆိုတာ
ကြင်နာမှုနည်းနည်းပေးပြီး
နာကျင်မှုတွေကို ခါးစည်းခံစေတဲ့
ခံစားချက်မဲ့ တောအုပ်တစ်ခုလား …
ထားရာနေ … စေရာသွား
ကံကြမ္မာဟာ ခွေးသွားစိပ်ထက်ထက်နဲ့
လူသားစား တစ်ခါသုံးစက်ပဲ …
တစ်ခါထဲနဲ့
ငါ့ဘ၀ကို တစ်စစီဖြစ်အောင် ဆုတ်ဖြဲခဲ့တယ် …
ခုတော့လည်း ရယ်နေမိမှာပေါ့ …
နောက်တစ်ခါ ငိုကြွေးစရာတွေ မလာခင်အချိန်အထိ …
ဒါပေမယ့် … ဒီဒဏ်ရာတွေကို
နာကျင်စွာ မှတ်မိနေမှာပါ …
………………………………………………………………
စိုးသူရ
(25-6-2013)
Almost all of poems of yours reach to my heart. I am one of ur great funs. Congratulations bro! Waiting for coming poems...
ReplyDelete