Friday, June 7, 2013

သဲနာရီ

ကိုယ်မရှိရင် သူအဆင်ပြေပါမလား …

ဒီလို မိုက်မဲသောအတွေးများစွာပြန့်ကျဲ

လေဟာနယ်အခန်းကျဉ်းကျဉ်းလေးထဲ

သဲပွင့်လေးတွေကို တစ်ပွင့်ချင်းစီ ပွတ်သပ်ကျီစယ် …

သူ့နှစ်ဆယ့်လေးနာရီ အချိန်မှန်လည်ပတ်စေဖို့

အသက်ရှူကြပ်တာကို မေ့ပစ်ခဲ့တဲ့ ဒီလို ဥပေက္ခာ ….

သူထားရာမှာ ပျော်ရွှင်စွာမတ်တပ်ရပ်လို့

အချစ်တတ်ဆုံးနှလုံးသားတစ်စုံနဲ့

ရင်ခုန်သံတွေ ပါးလျတိုးတိတ်

ခုထိ အိပ်မပျော်နိုင်သေးသူ
.....................................



စိုးသူရ


(8-6-2013)




No comments:

Post a Comment