အလွယ်လှမ်းလို့ရလို့
အလွယ်လမ်းကို
လိုက်ခဲ့တာလား …
ကိုယ်စိုက်ထားတဲ့
အသီးအပွင့်ကို
ကိုယ်ကိုယ်တိုင်
ကိုယ့်လက်နဲ့ ခူးဆွတ်ခွင့် …
ဒီလိုနဲ့ …
မျှော်လင့်ချက်ဟာ အရောင်လွင့်ခဲ့ပြီ …
ကြားသမျှကို
နားစွင့်ထားရ
မြင်သမျှကို
စူးစူးစိုက်စိုက် …
အနာဂတ်ဟာ အဖိုးအနဂ္ဃထိုက်တဲ့
မတူးဖော်ရသေးသော
ရတနာသိုက်လား …
မျက်လုံးတွေ
ခဏမှိတ်ထားပါရစေ …
နားတွေ ခဏပိတ်ထားပါရစေ
…
ရလေလိုလေ အို
တစ္ဆေလည်းမဟုတ်
အနေစုတ်ပေမယ့်
ရွှေထုပ်တဲ့မြပုဝါလည်းမမည် ...
လူတန်းစေ့ရုံ
အတွေးအခေါ်မပီမသနဲ့
မြို့ကြီးပြကြီးဆိုတဲ့
ဝါကျတစ်ကြောင်းထဲကို
စွဲစွဲမြဲမြဲ
အာဂုံဆောင်လို့ အခါခါရွတ် …
မနက်ဖြန်မှာ
စာကလေး ၂၉ ကောင် သက်စေ့လွှတ်ချင်တယ် …
……………………………………………………………….
စိုးသူရ
(19-6-2013)
No comments:
Post a Comment