Thursday, June 13, 2013

တေ့လွဲ



နှလုံးသားချင်းဆက်သွယ်ဖို့ရာ
ကြိုးတွေ မတပ်ဆင်ခဲ့မိဘူး

ကိုယ်ခေါ်နေတာကို သူမထူးတော့
ကိုယ်လည်း ခုထိ တစ်ယောက်ထဲ တိတ်ဆိတ်လို့ ..

တို့နှစ်ယောက်ကိုက အလွဲကြီး လွဲနေတာပါအချစ်ရယ်

နွေရာသီရောက်နေတာကို မသိဘဲ
မျက်စေ့စုံမှိတ်ပြီး လေထဲမှာဝဲနေတဲ့ ပျံလွှားနှစ်ကောင်ဟာ တို့နှစ်ယောက်ပဲ

အချစ်ဆိုတာကြီးကို တွေ့ရှိရက်နဲ့
အဝေးဆုံး ပြေးထွက်ခဲ့ကြတယ်

မသေချာမှုတွေကြီးစိုးနေတဲ့ခေတ်မှာ
တို့နှစ်ယောက်အဖြစ်ကလည်း ဘာမှမရေမရာ

ဒီဝေဒနာ အဟောင်းလေးကိုသိမ်းဆည်းလို့
နှစ်ကိုယ်တူ မနီးကြနိုင်ရုံ ရင်ကွဲပက်လက်
ခုတော့ ဆက်သွယ်မှုဧရိယာ အပြင်ဘက်မှာ
နှစ်ဦးသဘောတူ တစ်ယောက် တစ်နေရာစီ
………………………………………………


စိုးသူရ
(13-6-2013)





No comments:

Post a Comment