Wednesday, June 12, 2013

နောက်တစ်ခါ ထပ်မရှုံးချင်ဘူး

တစ်ခါတလေ …
ကိုယ်ပိုင်အတွေးတွေကို
ကိုယ်တိုင်မတွေးနိုင်တဲ့အခါ …

တစ်ခါတလေပါ …
မျက်လုံးခဏလေးမှိတ်တာနဲ့
ပုံရိပ်တစ်ခုကိုပဲ ထပ်တလဲလဲ မြင်ယောင်နေတဲ့အခါ …

တစ်ခါတလေမှပါ …
ကြည်ဖြူစွာဆုံးဖြတ်ကျောခိုင်းခဲ့ပြီးမှ
နောက်ကိုပြန်လှည့်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် သံသယ၀င်နေမိတာ …
………………

အရှုံးတစ်ခုဟာ
သိပ်ကဗျာဆန်လွန်းတော့လည်း
ရင်ထဲမှာကြိတ်မှိတ်
တိတ်တိတ်ကလေး ပြိုလဲ
မရဲတရဲမျှော်လင့်
နောက်ထပ်အခွင့်အရေးတစ်ခုကို ပြန်တမ်းတ …
အင်း …. ဖြစ်ရောဖြစ်နိုင်ပါ့မလား …
……………………………

ဟင့်အင်း … အားတင်းထားတဲ့ ဒီမာနလက်ကျန်နဲ့
မနက်ဖြန်ကို နေပျော်သလို ရှေ့ဆက်ပါရစေ …
……………………………………………….


စိုးသူရ
(12-6-2013)







No comments:

Post a Comment