ဒီဇာတ်လမ်းကိုက
အစကတည်းက
မှားနေခဲ့တာပါ ကလေးရယ် …
မင်းဟာ ကိုယ့်အတွက်
ပွင့်တဲ့ပန်းမဟုတ်သလို
ကိုယ်ဆိုတာကလည်း
မင်းရှိရာကို လက်မလှမ်းရဲခဲ့ …
ဒါပေမယ့်
တချို့အမှားတွေက
သိပ်လှလွန်းတော့
ကိုယ်လည်း
မရှောင်နိုင်ခဲ့ဘူး ….
တားထားတဲ့
စည်းတွေက များလွန်း …
ချည်ထားတဲ့
ကြိုးတွေက ခိုင်လွန်းတော့
မင်းနဲ့ကိုယ်ဟာ
တစ်ယောက်ကိုတစ်ယောက်မပိုင်ပဲ
ဆိုင်ရုံလေးပဲဆိုင်ခဲ့တယ်
…
အချစ်ဟာ ရယူပိုင်ဆိုင်ခြင်းဆို
ဒီပွဲမှာ
ကိုယ့်အရှုံးကို မင်းမုန်းလောက်အောင်တွေ့နေမှာပါ …
တွေဝေခြင်းဟာ
ပျော့ညံ့ခြင်းထက်ဆိုးမှန်း
မင်းကျောခိုင်းသွားမှ
ကိုယ်ဝမ်းနည်းစွာသိလိုက်ရ …
ဒါပေမယ့်
တချို့အမှားတွေက
သိပ်လှလွန်းတော့
ကိုယ်လည်း
မရှောင်နိုင်ခဲ့ဘူး ….
နှစ်ဦးသဘောတူ ဆိုတာထက်ကို
တစ်ယောက်ကို
တစ်ယောက် နားလည်ခွင့်လွှတ်စိတ်နဲ့
တစ်ယောက်အရိပ်ကလေးကိုတောင်
တစ်ယောက်ကတမြတ်တနိုး …
ဒီလို တို့အရိုးသားဆုံးချစ်တတ်ခြင်းမှာ
အရာရာဟာ နောက်ဆုံးတော့
အရောင်ဆိုးခံလိုက်ရပေါ့ …
ဒါပေမယ့်
…
တချို့အမှားတွေက
သိပ်လှလွန်းတော့
ကိုယ်လည်း
မရှောင်နိုင်ခဲ့ဘူး ….
……………………………………..
စိုးသူရ
(1-6-2013)
No comments:
Post a Comment