Tuesday, May 14, 2013

နောက်ဆက်တွဲဒဏ်ရာ


နောက်ထပ်မတွေ့ကြတော့ဘူးဆိုတာ
သေချာသွားတဲ့နောက် ...
အရာရာဟာ သေချာသွားခဲ့ပြီ ...

ဟုတ်တယ်...
ငါတို့တွေ ဝေးကြမယ်...
နောက်မလှည့်ကြည့်စတမ်း...
ဟောဒီ့ လမ်းဆုံးမှာ
ဒီဇာတ်လမ်းကို ပြတ်ပြတ်သားသား အဆုံးသတ်ကြရအောင်..

မင်းက သားကောင်မဟုတ်သလို ..
ငါကလည်း မုဆိုးတယောက်မဟုတ်တော့ ...
ဒဏ်ရာထင်သလောက်မပြင်းခဲ့တာ ...

ဘုရားသခင်ကိုပဲ ကျေးဇူးတင်လိုက်ပါတယ်...
ဂွတ်ဘိုင် ...။
...................


စိုးသူရ
(16-9-2012)

2 comments: