ခုံတန်းလေးဟာ အထီးကျန်ခြင်းကိုမသိဘူး ...
စွန့်ပစ်ခံရခြင်းကို နားမလည်ဘူး ...
အပစ်ပယ်ခံရခြင်းကို အသိအမှတ်မပြုဘူး ...
သူ့နေရာမှာ သူငြိမ်ငြိမ်လေးနေပြီး
ဟိုး ... အဝေးကြီးက တောင်တန်းတွေကိုပဲ ငေးကြည့်နေတယ် ...
ကန်ရေပြင်ကျယ်ဟာ သူ့အတွေးမှာမရှိ ...
နေထွက်ခြင်း နေ၀င်ခြင်းတွေကို လုံးဝမသိ ...
လေညှင်းလေးတွေ လှောင်ရယ်တာကို အတိအကျဥပေက္ခာနဲ့ ...
သူ့ဆီပြန်လာမယ့် နှလုံးသားတစ်စုံကို
အရင်လိုပဲကြိုဆိုနေဖို့ အရင်နေရာမှာပဲ ငြိမ်ငြိမ်ကလေး ....

.............................
စိုးသူရ
No comments:
Post a Comment