Friday, March 15, 2013

ငြမ်း


ချစ်ခြင်းမေတ္တာ… တဲ့…
 
ကျွန်တော်က အမြဲစာလုံးပေါင်းမှားတယ်…

ဆုတောင်းမိသမျှ အမှား
ယုံကြည်မိသမျှ အမှား
ခံစားစားမိသမျှ အမှား
အလျော်အစားက အချိုးအစားမမျှဘူး…..။

လောကရဲ့ မေးခွန်းများနဲ့
ကျွန်တော့်ရပ်တည်ချက်ရဲ့အဖြေ
လွဲချော်နေသမျှ ကာလပတ်လုံး
မေမေ့အပြုံးတစ်ပွင့်တည်းနဲ့
ထောင်ချောက်တွေကို နင်းရဲခဲ့တော့တယ်…..။


စိုးသူရ
(The Best English, April 2007)

No comments:

Post a Comment