မမျှော်ချင်တော့ဘူး…
မျှော်ရတဲ့စိတ်ဟာ
တိမ်တိုက်တွေရဲ့
အရိပ်လိုပဲ
အေးမြမှုဟာ
မတည်မြဲဘူး…။
မပျော်ချင်တော့ဘူး…
ပျော်ရတဲ့
အရသာဟာ
အချိုကဲတဲ့
ဆေးသကြားလိုပဲ
ကြာလာရင်
ခါးသွားတယ်…။
မချစ်ချင်တော့ဘူး…
ချစ်မိတဲ့နှလုံးသားဟာ
ဆူးကြားက
ပူဖောင်းလိုပဲ
အချိန်မရွေး
ထပေါက်ကွဲနိုင်တယ်…။
မငိုတော့ပါဘူး…
ငိုရတဲ့
မျက်လုံးအစုံဟာ
ရေစိမ်ထားတဲ့
ပေါင်မုန့်တစ်လုံးလိုပဲ
အထိမခံနိုင်အောင်
ပျော့ညံ့လာတယ်…။
မမက်ချင်တော့ဘူး…
မက်လိုက်တဲ့
အိပ်မက်တိုင်းမှာ
ကိုယ်ဟာ
လူကြမ်းဖြစ်နေတော့
နောက်ဆုံးဇာတ်ဝင်ခန်းအထိ
ဘယ်သူကမှ
မေတ္တာမရှိကြဘူး…။
စိုးသူရ
(The
Best English, October 2006)
No comments:
Post a Comment