အရင်းအနှီး ကြီးပေမယ့်
အမြတ်အစွန်းရဖို့
မသေချာတဲ့
ကိစ္စတွေထဲမှာ
တစ်ယောက်ယောက်ကို
ချစ်ရတာဟာ
ထိပ်ဆုံးကပဲ…
ဘ၀ကို
ကမ်းခြေလို့တင်စားရင်
အချစ်က
လှိုင်းပေါ့ ညီမလေး….
ငါ့ဘ၀သောင်ပြင်ကမ်းခြေကို
မင်းအကြည့်လှိုင်းတွေနဲ့
ခပ်ကြမ်းကြမ်းရိုက်ပုတ်တိုင်း
အရိုင်းဆန်တဲ့
သံယောဇဉ်နဲ့
အမြဲပဲ
ငါက လိုလိုချင်ချင် ခံယူမိခဲ့…
ခုတော့လည်း…
သဲမရှိတော့တဲ့
ငါ့ကမ်းခြေဟာ
ပင်လယ်အော်သံကြားတိုင်း
လောကဓံရဲ့
ကြိုးဝိုင်းထဲ
ပြိုလဲကာ
ကျရှုံးခဲ့ရပြီ…
စိုးသူရ
(The
Best English, April 2006)
No comments:
Post a Comment