နှလုံးသားတွေ
တစ်ကမ္ဘာစီဝေးကြတဲ့အခါ…
မနက်ဖြန်
ရင်ခုန်ခြင်းတွေ
ပန်းလိုဝေရမယ့်အစား…
သစ်ရွက်လို
ကြွေဆင်းခဲ့ ...
မျှော်ကြည့်လိုက်…
လမ်းခွဲတာလည်း
လမ်းခွဲတာပဲပေါ့…
ရင်ထဲက
စကားလုံးတွေထုံထိုင်း
ကြေကွဲမှုဟာ
မြူလိုမှုန်မှိုင်းလို့
ဆုံဆည်းခြင်းက
လျှပ်စီးလက်သလို…
အဲ့ဒီမှာ…
နှစ်ဖက်သော
အသိုင်းအ၀ိုင်းလား…
အန်စာတုံးလို
အယူအဆတွေလား…
ပရော်ဖက်ရှင်နယ်ဆန်သော
ကိုယ်ပိုင်အတ္တများလား…
ဒီလို
လွယ်ကူတဲ့ကိစ္စကို
ရှုပ်ထွေးခက်ခဲအောင်
ဖန်တီးခဲ့တာ…
…………………………………………………..
အမှတ်ထင်ထင်
မျက်ဝန်းများထဲ
စိတ်ရောကိုယ်ပါ
အဖျားအနာကြီးခဲ့တယ်…
စိုးသူရ
(The
Best English, June 2009)
No comments:
Post a Comment