ပထမတော့
ငှက်တစ်ကောင်လို
ပျံသန်းချင်လို့ပါ…
ဒါပေမယ့်…
ရင်ဘတ်ကို
ဆန့်တန်းလိုက်တဲ့အခါ
လက်တစ်ထွာစာတောင်
မပြည့်ချင်…
ကိစ္စမရှိပါဘူး…
မထုံတက်သေးမာနနဲ့
ခရီးဆက်မယ်
“ကံ”
ဆိုတာ “လူ” လုပ်တာတဲ့…
မေမေ
တစ်ခါက ပြောဖူးတယ်…
ပေါင်မုန့်တစ်ယှက်
ဝိုင်တစ်ခွက်ဟာ
တစ်သက်စာ
မဖူလုံမှန်း
သိလိုက်ရတဲ့အခါ
နံဘေးမှာ
ဘယ်သူမှမရှိတော့….
ဘ၀ကို
အချိုပေါ့တယ်မှတ်ပြီး
“ခတ်”
လိုက်ရတဲ့ “အချိန်” တွေ….
ခုနေပြန်လှည့်ကြည့်လိုက်တော့
စွန့်ပစ်ခဲ့တဲ့
နေရာဟောင်းဟာ
အရင်လိုပဲ…..
နွေးထွေးဆဲ….
စိုးသူရ
(The
Best English, December 2005)
No comments:
Post a Comment