တကယ်ပါပဲ ...
မျိုးစေ့တစ်စေ့ ကြဲချလိုက်ရုံ ...
ငယ်စိတ်မကုန်သေးတဲ့ နှလုံးသားနဲ့
လူလားမမြောက်သေးတဲ့ ဦးနှောက်
ဖောက်ထုတ်ပြီး ပုံသွင်းပစ်လိုက်မယ် ...
မြေကြီးဆီ ကုပ်တွယ်ရောက်ရှိ
ကောင်းကင်ထိ ဖြန့်ကြက်ဆန့်ထွက်
ပြိုးပြိုးပြက်ပြက် တောက်ပနိုင်အောင်
ဘောင်တွေကို ချိုးဖျက်ပစ်လိုက်မယ် ...
"ဘ၀ဆိုတာ အယူသီးခြင်း တစ်မျိုးပဲလား" ...
"ဟင့်အင်း ...."
စိမ်းလန်းသော သေချာခြင်းများနဲ့
အားရပါးရ ဝေဆာပြလိုက်ချင်တယ် ..... ။
စိုးသူရ
The Best English Magazine, 2007 October
No comments:
Post a Comment