ဒီအချိန်ဆို
ဒီနေရာကို
အရောက်လာရမယ်ဆိုတာ
ဘယ်ဥပဒေ
ဘယ်ပုဒ်မက
အတိအကျ
ပြဌာန်းထားလို့လဲ…
ခြေထောက်နှစ်ချောင်းရဲ့
အရိုးစွဲနေတဲ့
ဗီဇကိုပဲ
ဓားထက်ထက်နဲ့
ခွဲထုတ်ပစ်လိုက်ချင်တယ်…
သားဆိုး
သမီးဆိုးတွေဒဏ်ကြောင့်
အချိန်မတန်ခင်
ပေါ်ပေါက်လာတဲ့
မိန်းမတစ်ယောက်ရဲ့
အရေးကြောင်းတွေလို
ရာသီဥတုက
မစိုပြည်ဘူး…
ဘယ်တော့ရောက်မလဲ
မမေးစမ်းနဲ့…
ဘယ်လောက်ဝေးလဲ
မတွေးချင်ဘူး…
ဒါပေမယ့်
ကိုယ်ဦးထားတဲ့
တစ်နေရာစာဟာ
ကိုယ့်တစ်ကိုယ်စာတော့
ချောင်ချောင်ချိချိ
ရှိကိုရှိရမယ်…..။
စိုးသူရ
(The
Best English, November 2006)
No comments:
Post a Comment