Friday, March 15, 2013

မနေ့ကဆေးညွန်း

စကားတစ်ခွန်းပြောပြီး
နောက်တစ်ခွန်းပြောဖို့ ချောင်းဟန့်လိုက်ချိန်
ကမ္ဘာကြီးဟာ တွေဝေငြိမ်သက်နေခဲ့…

အသစ်ကိုပဲ ကြိုက်ကြိုက်…
အဟောင်းကိုပဲ နှစ်သက်နှစ်သက်…
ဘာကိုမှ ဆေးဖြစ်ဝါးဖြစ်ထက်မပိုစေနဲ့…

ကိုယ့်ရှိတာနဲ့ကိုယ်
ကိုယ်သိတာနဲ့ကိုယ်…
သတိနဲ့ ပိုက်ဆံဆိုတာ ပိုတယ်လို့မရှိ…

အမှောင်ထဲမှာ ရှိုက်ရှိုက်…
နေရောင်အောက်မှာ နမ်းနမ်း…
စိတ်ကူချင်းထိတွေ့ဖို့တော့လိုမယ် အနည်းဆုံး…

စိတ်နဲ့ ညှိလို့မရသော ခံစားချက်များ
မီးခိုးငွေ့ပမာ လောကအမြင်များ…
အချစ်ကိုတော့ ကစဥ့်ကလျား မဖြစ်စေချင်…

မနက်စောစောထပါ
ကော်ဖီစစ်စစ်တစ်ခွက်သောက်ပါ
ကိုယ်လက်လှုပ်ရှားမှုပြုပါ
အကောင်းမြင်စိတ်မွေးမြူပါ
တရားဘာဝနာပွားများပါ
တစ်လတစ်ခါ ဆေးစစ်ပါ
မနက်ဖြန်ဟာ လက်တစ်ဖျစ်အတွင်း
အချိန်မရွေးပဲ ကိုယ့်လူ….။
.................................

စိုးသူရ
(၂.၁၁.၂၀၀၉)

No comments:

Post a Comment