ရွှေရည်မစိမ်
ငွေရည်မစိမ်ဘဲ
င၀န်ရေစိမ်တဲ့မြို့
…
မိုးကလေးတစ်ချက်ညို့လာရင်
ရွာမယ့်ဟန်ပြင်တဲ့ကောင်းကင်နဲ့
…
ပုသိမ်ဟာမုတ်သုံကိုအမြဲလိုလိုချင်ချင်ကြိုဆိုခဲ့တယ်
…
ပုသိမ်ဟာ
ပေါ်တော်မူတရေးနိုးမှ
တစ်တိုင်းပြည်လုံးရဲ့
ဆန်အိုးဖြစ်လာတာမဟုတ်ဘူး …
နဖူးကချွေး
ခြေမအကျ
ထမင်းလုံးလေးတွေကိုအမြဲဖြူလွစေခဲ့တယ်
…
ပုသိမ်ဟာ
အနှိမ်ခံချင်ခံခဲ့ရမယ်
…
ဒါပေမယ့်
ဘယ်တော့မှ
မျက်နှာတစ်ချက်မမဲ့ခဲ့ဘူး …
ပုသိမ်ဟာ
အိနြေ္ဒမထည်ဝါပေမယ့်
သူ့ရိုးဂုဏ်ကိုတစ်ခါမှ
ခ၀ါမချခဲ့ဘူး …
ပုသိမ်မှာ
ကြယ်ငါးပွင့်ဟော်တယ်မရှိဘူး …
ဒါပေမယ့်
ခခကြီးရှိတယ် …
ပုသိမ်ဟာချီးဗက်စ်နဲ့
ဗော်ဒ်ကာမကြိုက်ဘူး
ဒါပေမယ့်
ရေခဲစိမ် မြန်မာဘီယာကြိုက်တယ် …
ပုသိမ်မှာဟက်ပီးဝေါနဲ့
အာလာဒင်မရှိဘူး
ဒါပေမယ့်
ပုသိမ်သားသေးသေးလေးတွေ အမြဲပျော်ရွှင်ကြတယ် …
ဂီယာသံတဗြင်းဗြင်း
သီချင်းတွေ
အော်အော်ဆို …
သူ့ရင်ဘတ်ကိုတက်တက်နင်း
ပင်လယ်ကမ်းခြေဆီဆင်းသွားပေမယ့်
ပုသိမ်ဟာအပြုံးမပျက်ခဲ့ဘူး
…
ကိုးသိန်းဘောလုံးကွင်းဟာ
ဧရာဝတီယူနိုက်တက်ကို
ပျိုဖော်ဝင်စေခဲ့တယ် …
ဇော်ပိုင်ရဲ့
မြို့အ၀င်ညဟာ
ပုသိမ်မြို့မှ
ကြိုဆိုပါ၏ကိုရည်ညွှန်းတာမဟုတ်ဘူးလို့
ငြင်းချင်ငြင်းပါ
… ဒါပေမယ့် ဒီမှာငယ်ဆူးသစ်
ခင်ဗျားလိုပဲ
ကျွန်တော်လည်းပုသိမ်ကိုချစ်တယ် …
တမျှော်တခေါ်အစိမ်းရောင်အကွက်များ
တနံတလျားယူကလစ်ပင်တန်း
ပုဝါတစ်ကမ်း
လက်တစ်လှမ်းမှာ
ကျွန်တော့်ပုသိမ်ဟာ
အရည်အသွေးမှန်တဲ့
ပတ္တမြားတစ်ပွင့်
သမိုင်းမှာနွံမနစ်ခဲ့သလို
…
ရေတိမ်မှာလည်းဘယ်တော့မှနစ်မှာမဟုတ်ဘူး
…
ဒီလိုစူးစူးရဲရဲယုံကြည်တယ်
…
......................................
စိုးသူရ
(26-2-2013)
No comments:
Post a Comment