ဒါဟာ
အိပ်မက်တစ်ခုလို့ ယုံကြည်ခဲ့တယ် ...
ဒါပေမယ့်
အ၀ါရောင်ဟာ ခုထိ ဆက်ဝါနေတုန်း ...
သူ့ပုခုံးစွန်းမှာနားနေခဲ့တဲ့
လိပ်ပြာလေးတစ်ကောင်ဟာ
ကျွန်တော်
မက်မောတဲ့ ဟော့ဒီနွေရာသီပဲ ...
ကံ့ကော်နဲ့
မြနန္ဒာနဲ့ စိန်ပန်းပြာနဲ့ ...
အရာရာဟာ
လတ်ဆတ်မွှေးထုံဆဲ ...
အိပ်မက်ထဲက
နှစ်ကိုယ်တူချစ်သမျှသီချင်းမှာတောင်
ကျွန်တော်
ကီးမှန်အောင် မဆိုနိုင်ခဲ့ဘူး ...
"ဘာလဲ
တို့ကို အပျော်ကြံတာလား" တဲ့ ...
သူစကားသံကို
နားထဲမှာ သဲ့သဲ့လေးကြားနေရသေးတယ် ...
တချို့
တချို့အချစ်တွေမှာ
နောင်တဟာ
အကြီးမားဆုံးဒဏ်ရာပဲ ...
ဟုတ်တယ်
... ကျွန်တော်မပြတ်သားခဲ့ဘူး ...
ဒါပေမယ့်
တကယ့်ကို အရူးအမူးပါ ...
ထိုင်ခဲ့ဖူးတဲ့
"အချစ်ရွာ" ကို သတိရတယ် ...
သူဘယ်တော့မှမကြိုက်တဲ့
rap သီချင်းကို
ကျွန်တော့်ဖုန်းထဲကနေ
အတိအလင်းဖျက်ပစ်လိုက်ပြီ ...
ရည်ရွယ်ထားပြီး
မရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ကိုတော့
ရင်ထဲမှာခုထိ
ရွတ်ဆိုမိနေဆဲ ...
နောက်ဆုံးတော့လည်း
...
ကိုယ့်ကိုယ်ကိုယ်ပဲကျိန်ဆဲပစ်လိုက်တယ်
...
ဘ၀ဆက်တိုင်း
တစ်ကိုယ်ရေ ...
...........................................
စိုးသူရ
No comments:
Post a Comment