ရှေ့ဆက်တိုးရမလား…
ဒါပေမယ့် ရထားက
ဘူတာစဉ်မရပ်ဘူး…
ကိုယ့်အရိပ်ကို
ပြန်မြင်ချင်ရင်
နေပူတော့ ခံရဲရမှာပေါ့…
အခုတော့ တချို့က…
အရပ်ရှစ်မျက်နှာ
ချာချာလည်အလင်း
ဖမ်းဆုတ်ဖို့ ကြိုးစားခြင်းရလာဒ်
တံလျှပ်ပဲ…
လုပ်ရဲရင် ခံရဲရမှာပေါ့..တဲ့
တချို့ကတော့ ………
ရပ်ပစ်လိုက်တော့မယ်…
သံပတ်…
မနက်ဖြန်…
အသက်ရှူခြင်း…
ခရီးဆုံးဟာ လက်တစ်ကမ်းမှာပဲ…။
...........................................
စိုးသူရ
No comments:
Post a Comment