Tuesday, September 9, 2014

ရောက်ရာအရပ်က သာဓုခေါ်ပါ


ချန်ရစ်ခဲ့လေ …
နေခဲ့ရမှာပေါ့ …
အခုတော့လည်း သူစိမ်းတွေပါပဲ …

ကျန်နေခဲ့ရဲတဲ့ သတ္တိ
အပြည့်အ၀တော့ မရှိ …
ဒါပေမယ့် သိတယ်မဟုတ်လား …

အချစ်ဆိုတဲ့ ကစားပွဲမှာ
အနိုင် … အရှုံး … သရေ …
ဒါတွေပဲ ရှိတာမှ မဟုတ်ဘဲ …

ရူးမိုက်စွာ ကစားရဲတဲ့ စိတ်ဓာတ် …
ပြတ်သားစွာကျတဲ့ အရှုံးမျက်ရည် …
တွေဝေခြင်းမဲ့တဲ့ နှုတ်ဆက်လမ်းခွဲ …
တယုတယ အစွဲအလမ်းတွေကို မေ့ဖျောက် …
တစ်ယောက်ထဲ ဆက်လျှောက်ရမယ့် ခရီးရှည် …
နေသာသလို နေလိုက်ရမယ့် မနက်ဖြန် …
လက်ခံလိုက်ရမယ့် ပကတိအမှန်တရား …

အထီးကျန်ညများစွာ ဖြတ်ကျော် …
ပျော်ရွှင်ရယ်မောစရာ ဗလာနတ္ထိ …
ပိုင်ဆိုင်ထားတဲ့ အသိစိတ်တွေ မသေချာ …
သေချာမယ်ထင်ခဲ့တဲ့ အနာဂတ်ဟာ မှေးမှိန် …
စိတ်ကူးတွေဟာလည်း မီးခိုးတိမ်သား …

ဒီလိုနဲ့ပဲ ရှင်လျှက်နဲ့
အလိုလိုခြားခဲ့တဲ့ ဘ၀နှစ်ခု

ပြုခဲ့မိသော ကုသိုလ်ကောင်းမှုအစုစုကို ရည်စူး
နှလုံးသားထဲ ရေးထိုးခဲ့ဖူးတဲ့ နာမည်တစ်ခုကို ရေစက်ချ
ရောက်ရာအရပ်က သာဓုခေါ်ပါစေသား …
ၾကားၾကားသမ်
အမွ် … အမွ် … အမွ် …
…………..
……….
……

#SoeThuRa
(10-9-2014)

No comments:

Post a Comment