ခဏလေးဝေးရတာပါပဲ
ဒါပေမယ့် အလွမ်းက
မိုင်တိုင်ရှည်လျားလွန်းတယ် …
သူ့ဆက်သွယ်မှု
ဧရိယာနယ်မြေထဲ
ကိုယ်က အမြဲရောက်နေချင်မိသူ
…
ရေမခြား မြေမခြားပေမယ့်
အထိအတွေ့လေးတွေ
ခြားနေတယ် …
သတိရစိတ်နဲ့
ပြောရမယ့်စကားလေးတွေများနေတယ် …
ကိုယ်ဘယ်မှာ
ရှိမှန်း သူသိသလို
သူရှိနေတဲ့နေရာကိုလည်း
ကိုယ်သိနေတာ အသေအချာ …
ဒါပေမယ့်
… တချို့ကိစ္စတွေဟာ
သိပ်အဖြေရှာစရာမလိုဘူးဆိုတော့
အသံလေးကြားနေရတာနဲ့ပဲ
ရင်တွေလည်း
တဒိုင်းဒိုင်းခုန် …
နှုတ်ခမ်းပါးလေးကို
တွေးကြည့်လိုက်ရုံ
မျက်ခုံးတွန့်လေးကို
မှန်းကြည့်လိုက်ရုံ
ပါးချိုင့်နက်နက်လေးကို
လွမ်းကြည့်လိုက်ရုံနဲ့ …
ကိုယ့်တစ်နေ့တာလုံး
ပြည့်စုံအေးချမ်းသွားတယ်ဆို …
သူရော
ကိုယ့်လိုပဲ ဒီကဗျာကို ဖတ်ပြီး ပြုံးနေမှာလား ….
……………….
စိုးသူရ
(7-12-2013)
No comments:
Post a Comment