စောစောကပြောနေတာ
ဘာပါလိမ့် …
သြော် … မင်းသားကို လူဆိုးတွေ ဖမ်းသွားရောလေ …
ဟင့်အင်း ..
အခုတလော တညင်းသီးတွေ သိပ်ရောင်းမကောင်းဘူး …
ပြောတော့ မနက်ဖြန်
မနက်ဖြန်နဲ့ … ခုတော့ တစ်လကျော်သွားပြီ
…
အစ်မရေ … ဒီနေ့ ငါးပြေမလေးတွေ လတ်တယ်သိလား … အားပေးဦးလေ …
တော်စမ်းပါဟယ်
… နောက်ဘ၀အတွက် စိတ်မကူးအားသေးပါဘူး …
ဘာပဲဖြစ်ဖြစ်
… နောက်နှစ်ကျရင်တော့ အိမ်ကနှစ်ကောင်ကို
ရှင်ပြုပေးရမယ် …
တစ်ခါလာလည်း
ဒါပဲ … အစအဆုံးအလွတ်ရနေပြီ
…
ဟဲ့ ဖြည်းဖြည်းလျှောက်စမ်း
… ခြင်းတောင်းထဲ ရွှံ့တွေဝင်ကုန်တော့မှာပဲ
…
အကြီးတစ်ခု သုံးဖူးတယ်
…. အခုပျက်သွားလို့ ထပ်ဝယ်တာ …
ဈေးဦးပေါက်မို့
မလျှော့နိုင်ဘူး အစ်ကိုကြီးရယ် …
သုံးလေးဆယ်ပဲ မြတ်တာပါ …
ဒီမယ်ဟေ့ … လူကို မယုံသလိုလာမလုပ်နဲ့ … ရုပ်ကြည့်တော့ သနားကမားနဲ့ …
နောက်ဆုံးတော့လည်း
ဒီပုတ်ထဲက ဒီပဲပါပဲဟယ် …
နှစ်တောင့်ထိုးပါ
ညီမလေးရဲ့ …. သုံးကြည့် သိပ်လင်းတာ
…
ငါ့မှာတော့ ငိုလိုက်ရတာ
မျက်ရည်နဲ့ မျက်ခွက် …
သူက အဲဒီ့ကောင်မဆီ ရောက်နေတာတဲ့ …
အချိန်ရှိတုန်း
သွားကြရအောင်ကွာ …
တော်ကြာ ခွင်ကောင်းလေး လွတ်သွားဦးမယ် …
ဟဲ့ကောင်လေး
… ကားလမ်းကြည့်ကူးနော် … မျဉ်းကျားကကူး … ကြားလား …
ယိုးဒယားက တိုက်ရိုက်လာတာ
ဆရာမရဲ့ … အနည်းဆုံး ခြောက်လတော့
ခံတယ် …
ဒီလိုပါပဲဟယ်
… ဈေးဟောင်းမှာတုန်းကမှ အမြတ်လေးဘာလေးရသေး
… ခုတော့ ရသမျှ သူတို့ ခွံ့နေရတာနဲ့ပဲ …
.......................
Soe Thu Ra
(1-12-2013)
No comments:
Post a Comment