နှုတ်ခမ်းလေး
ဟသွားတာက အစ
ခြေမလေးကွေးသွားတာက
အဆုံး …
မျက်လုံးအစုံကို
အသာမှိတ်
ရင်ခုန်သံ တဒိတ်ဒိတ်နဲ့
ဝေးသွားလိုက်
နီးလာလိုက် …
ကိုယ်ရှိုက်လိုက်တဲ့
သက်ပြင်းနဲ့
သူသပ်တင်လိုက်တဲ့
ဆံနွယ်တွေအကြား
တာဝေးအပြေးသမားတစ်ယောက်လို
မောပန်း …
သူ့လက်သန်းလေးနဲ့
ကိုယ့်လက်သန်းကို
ဘယ်တော့မှ ဝေးမသွားရအောင်
အသာချိတ် …
မတိတ်ဆိတ်နိုင်တော့တဲ့
ဒီကမ္ဘာကျဉ်းကျဉ်းလေးထဲ
သူ့တစ်ယောက်ထဲဆိုတဲ့
ယုံကြည်စိတ်နဲ့
နေရာအနှံ့ကို
တံဆိပ်ခတ်နှိပ်လိုက်မိပြီ …
Soe Thu Ra
(27-11-2013)
No comments:
Post a Comment