အဲဒီ့မှာ…
ဒုက္ခတစ်ခုစတင်ဖို့
ဒုက္ခတစ်ခုပြီးဆုံးတယ်…
ဝေဒနာတွေ လှိုင်လှိုင်ပွင့်
လိုက်ကာစကို ဆွဲအဖွင့်မှာ
ကြွေလွင့်သွားတဲ့သစ်ရွက်
ပင်ထက်ကို ပြန်မရောက်နိုင်…
ပိုင်ဆိုင်ဖူးတာတွေကို မြုပ်နှံ
ကုသိုလ် လက်ကျန်လေးကို ဆပွား…
ပလွှားစရာဘာမျှမရှိ
နတ္ထိအခန်းကျဉ်းထဲ
အေးခဲတိတ်ဆိတ်
မှေးမှိတ်မျက်ဝန်းအစုံ
ရင်ခုန်သံရေပြင်ညီ
နာရီတွေ အဆိပ်သင့်…
ဟုတ်ကဲ့…
ဟင့်အင်း…
ငြင်းဆန်မလား…
လက်ခံမလား…
ဘာကိုမှ မစဉ်းစားနိုင်ခင်
အရာရာဟာ နေ၀င်ခဲ့ပြီ….။
..................................
စိုးသူရ
No comments:
Post a Comment