စိတ်ပျက်တာက
အိပ်ပျက်တာထက်ဆိုးတယ် ...
သူများကိုလက်ညှိုးထိုးဖို့လွယ်သလောက်
ကိုယ့်လက်ဖမိုးပေါ်
ခြင်တစ်ကောင်လာနားတာတောင် ...
မသိချင်ယောင်ဆောင်နိုင်ဖို့
ခက်ခဲနေကြဆဲ ...
ယုံတယ်
...
အမှန်တရားဟာ
တစ်လမ်းမောင်းလို့ ...
ဒါပေမယ့်
slowdown တွေပြည့်လို့ လမ်းတစ်လျှောက်မှာ ...
ကိုယ်တိုင်
မရောက်ဖူးဘဲ ပဲရစ်မြို့ကြီး သိပ်လှကြောင်း ...
ကိုယ်တိုင်
မဆောက်ဖူးဘဲ ရဲတိုက်ကြီးတွေ ဘယ်လောက်ခိုင်ခံ့ကြောင်း
...
အမူအရာကောင်းကောင်းနဲ့
ပြောပြတတ်တဲ့အနုပညာ ...
လောကကြီးမှာ
လိုအပ်မှန်း မသိခဲ့ရိုးအမှန်ပါ...
အရှိကို အရှိအတိုင်းလက်ခံတယ်
...
သံသယကို လက်ကျန်လေးတောင်မထားဘဲ
အပြတ်ရှင်းတယ် ...
ပွင့်ပွင့်လင်းလင်းပြောဆိုတယ်
...
ဖြောင့်ဖြောင့်တန်းတန်းတွေးခေါ်တယ်
...
လူတော်ဖြစ်ဖို့ထက်
လူကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားတယ် ...
ဒါပေမယ့်
အရိုးသားဆုံးဝန်ခံရရင် ...
ထပ်ပြီး နောက်ကျောကို
ဓားနဲ့ထိုးတာမခံချင်တော့ဘူး ...
ဆိုတော့
...
ဘ၀ကို နောက်ကြည့်မှန်လေးတပ်ပြီး
မောင်းနှင်ပါရစေ ...
.........................................................................
စိုးသူရ
No comments:
Post a Comment