Thursday, March 14, 2013

တစ်ခန်းရပ်အလင်း

မျှော်လင့်ထားပေမယ့်
ဖြစ်ပျက်လာတာက စောလွန်းတယ် ...

တွန်းဖွင့်လိုက်တဲ့ ပြူတင်းတံခါးမှာ
အလင်းရောင်ဟာ မှုန်ဝါးခဲ့ပြီ ...

ဘ၀ကို အရှေ့တူရူဆီ ငေးအကြည့်
မရောက်ရှိခဲ့သော ဇတ်သိမ်းခန်းဟာ
ညင်ညင်သာသာပဲ ပြည်ဖုံးကာချသွားခဲ့ ....

တစ်ကြိမ် ...
နောက်တစ်ကြိမ် ...
နောက်ထပ်တစ်ကြိမ် ...
အားရပါးရ အသက်ရှူသွင်းရင်း ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်တယ်
"အသည်းကွဲတယ်ဆိုတာလည်း
ထင်သလောက်တော့ မဆိုးပါဘူး ... "
နည်းနည်းပါးပါး အလွမ်းမူးရုံသက်သက်


တစ်ကိုယ်ရေ အိပ်မက်ထဲ ...
သတိရခြင်းကို မာနနဲ့ မီးရှို့ပြီး
ထွန်းညှိဖို့ကြိုးစားမိတဲ့အခါ
မျှော်လင့်ချက်က စက္ကန့်ပိုင်းအတွင်း ပြာကျသွားတယ် ...

ရယ်ပါ မောပါ သုံးဆောင်တော်မူပါ...
ရောက်လေရာဘဝ
ရလေရာ အချစ် ...
ဖြစ်လေရာ ဇာတ်လမ်းမှာ
နှလုံးသားတစ်ခန်းရပ် ...
အမုန်းများလည်း အဆုံးသတ်နိုင်ခဲ့ပါစေ ...
........................................................ 

စိုးသူရ

No comments:

Post a Comment