Thursday, March 14, 2013

အမှားအယွင်းများ



ဝန်ခံရမယ့်အစား
တောင်းပန်ခဲ့ကြတယ် ....

အပြုံးတွေ ချိုရမယ့်အစား
စကားလုံးတွေ ပိုခဲ့ကြတယ် ...

ဆင်ခြင်မှုနဲ့ ချစ်တတ်ရမယ့်အစား
ထင်မြင်မှုနဲ့ ပစ်သတ်ကြတယ် ...

နူးညံ့စွာ ရင်ဆိုင်ရမယ့်အစား
ရူးနှမ်းစွာ ယှဉ်ပြိုင်ခဲ့ကြတယ် ...

ကိုယ်ကျင့်တရားကို ဆောင်ရမယ့်အစား
အကာအကွယ်ပစ္စည်းကို ဆောင်ခဲ့ကြတယ် ...

အကုသိုလ်ကို ရှောင်ရမယ့်အစား
အရှက်တရားကို ရှောင်ခဲ့ကြတယ် ...

သေခြင်းတရားကို လေ့လာရမယ့်အစား
နေခြင်းတရားကို တွေ့အောင်ရှာခဲ့ကြတယ် ...

နောက်ဆုံး ...
ဒီဘ၀ .... ဘယ်နည်းနဲ့မှ ....
......................................

စိုးသူရ

No comments:

Post a Comment