Thursday, March 14, 2013

သူငယ်ချင်း > ချစ်သူ



မျှော်လင့်မိသမျှ ဆေးရောင်စုံမှာ
အရာရာဟာ သူစိမ်းတရံဆန်ခဲ့ပြီ.....

စေ့ထားတဲ့ တံခါးက
ကိုယ့်အတွက်ပဲထင်လို့ တွန်းဖွင့်မိတော့
သူ့လှောင်ရယ်သံ မပွင့်တပွင့်မှာ
ရခဲ့တဲ့ ဒဏ်ရာက သေရာပါပဲ.....

သိမ်ငယ်စိတ်ဆိုတာ
အပြင်းစား ကူးစက်ရောဂါတစ်မျိုးလား...

မသိလိုက်ခင်မှာပဲ
တစ်ကိုယ်လုံးပျံ့နှံ့သွားတယ်....

နင်နဲ့ ငါက

နေထွက်ရာနဲ့ နေ၀င်ရာ အရပ်တွေလိုပဲ...

ကိုယ့်မြင်ကွင်းနဲ့ ကိုယ်ဆိုတော့
တစ်ငွေ့ငွေ့ကျွမ်းလောင်နေသော
အရိုးသားဆုံး ဒီဖုံးကွယ်မှုမှာ...

အချစ် ဆိုသော
ဝေါဟာရကို ငါ့တစ်ယောက်ထဲ ရေးခြစ်ခဲ့ရပြီ....။
................................................................

စိုးသူရ

3 comments:

  1. သူငယ်ချင်းဆိုတာ စကားလုံးလေးသုံးလုံးထဲရယ် ဒါပေမယ့်သိပ်နားလည် ရခက်တာပဲနော်

    ReplyDelete
  2. မိုက်လှချည်လားGood တယ် :) like!!!

    ReplyDelete