လှတပတကောင်မလေးတွေ
ကိုယ်ရှေ့ကနေဖြတ်အသွား
ဘာအမှားမှလည်းမလုပ်မိပဲနဲ့ ...
သူ့မျက်စောင်းတစ်ချက်မှာ
ကျွန်တော့်တစ်နေ့တာလုံး ရမ်းခါသွားတယ် ...
အချစ်ဟာ ပြင်းအားအဆင့်များတဲ့ ငလျင် ...
မာခြင်းအဆင့်အမြင့်ဆုံးမှာ
သူစိတ်ကောက်နေတာကို အကြာကြီးလွှတ်မထားနဲ့
ရတဲ့နည်းလမ်းပေါင်းစုံနဲ့ချော့
အချစ်ဟာ ဘယ်တော့မလျော့တဲ့ မြစ်ရေကြီးခြင်း ...
နည်းနည်းပါးပါး အဆင်ပြေမယ်ကြံတုန်း
အဆင်မပြေတဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ
ရာသီဥတုဟာ လုံးဝအမှောင်ကျသွားပြန်တယ် ...
အချစ်ဟာ ကယ်ကူရာမဲ့ ဆိုင်ကလုန်း ...
ချိန်းထားတဲ့အချိန် နည်းနည်းလေးပဲနောက်ကျကြည့်
မင်းမှာသစ္စာ လူမှာကတိ ဆိုတာကြီးနဲ့ကိုင်ပေါက်
စကားလုံးတွေဟာ ကြောက်ခမန်းလိလိ
အချစ်ဟာ ဘယ်သူမှမသိပဲလောင်နေတဲ့ တောမီး ...
အစောကြီးထပြီး wake-up call မပေးမိရင်
ဘာဆင်ခြေမှ သွားမပေးလိုက်နဲ့
ကိုယ့်အမှားကို ကိုယ်သဘောပေါက်
အချစ်ဟာ လူအသေအပျောက်များတဲ့ ဆူနာမီ ...
သူလာပြီဆိုရင် ပြုံးပြုံးလေးနဲ့ကြို
ပတ်ဝန်းကျင်ကို ဂရုစိုက်မနေနဲ့
ဒီတစ်ခါလေပြင်းထပ်တိုက်ရင်
နောက်တစ်ခါထပ်ပြီးအသက်ရှင်ဖို့ အခွင့်အလမ်းနည်းပါး ...
အချစ်ဟာ မှားပြီးရင်းမှားနေတဲ့
တစ်ဘ၀စာ ရာသီဥတုခန့်မှန်းချက် ...
သူ့အတွက်နဲ့တော့ ဘ၀မပျက်ပါရစေနဲ့ ....
.......................................................
စိုးသူရ
(28-3-2013)
ကိုယ်ရှေ့ကနေဖြတ်အသွား
ဘာအမှားမှလည်းမလုပ်မိပဲနဲ့ ...
သူ့မျက်စောင်းတစ်ချက်မှာ
ကျွန်တော့်တစ်နေ့တာလုံး ရမ်းခါသွားတယ် ...
အချစ်ဟာ ပြင်းအားအဆင့်များတဲ့ ငလျင် ...
မာခြင်းအဆင့်အမြင့်ဆုံးမှာ
သူစိတ်ကောက်နေတာကို အကြာကြီးလွှတ်မထားနဲ့
ရတဲ့နည်းလမ်းပေါင်းစုံနဲ့ချော့
အချစ်ဟာ ဘယ်တော့မလျော့တဲ့ မြစ်ရေကြီးခြင်း ...
နည်းနည်းပါးပါး အဆင်ပြေမယ်ကြံတုန်း
အဆင်မပြေတဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ
ရာသီဥတုဟာ လုံးဝအမှောင်ကျသွားပြန်တယ် ...
အချစ်ဟာ ကယ်ကူရာမဲ့ ဆိုင်ကလုန်း ...
ချိန်းထားတဲ့အချိန် နည်းနည်းလေးပဲနောက်ကျကြည့်
မင်းမှာသစ္စာ လူမှာကတိ ဆိုတာကြီးနဲ့ကိုင်ပေါက်
စကားလုံးတွေဟာ ကြောက်ခမန်းလိလိ
အချစ်ဟာ ဘယ်သူမှမသိပဲလောင်နေတဲ့ တောမီး ...
အစောကြီးထပြီး wake-up call မပေးမိရင်
ဘာဆင်ခြေမှ သွားမပေးလိုက်နဲ့
ကိုယ့်အမှားကို ကိုယ်သဘောပေါက်
အချစ်ဟာ လူအသေအပျောက်များတဲ့ ဆူနာမီ ...
သူလာပြီဆိုရင် ပြုံးပြုံးလေးနဲ့ကြို
ပတ်ဝန်းကျင်ကို ဂရုစိုက်မနေနဲ့
ဒီတစ်ခါလေပြင်းထပ်တိုက်ရင်
နောက်တစ်ခါထပ်ပြီးအသက်ရှင်ဖို့ အခွင့်အလမ်းနည်းပါး ...
အချစ်ဟာ မှားပြီးရင်းမှားနေတဲ့
တစ်ဘ၀စာ ရာသီဥတုခန့်မှန်းချက် ...
သူ့အတွက်နဲ့တော့ ဘ၀မပျက်ပါရစေနဲ့ ....
.......................................................
စိုးသူရ
(28-3-2013)
ကဲဘလော့ဂ်ဆီအသူလာလည်ပြီ။
ReplyDelete