လေတိုက်လို့
သစ်ရွက်ကလေးလှုပ်သွားတာပါ
...
နံနက်ခင်းက
နေရောင်ခြည်ကို
လိုလားတောင့်တသလိုမျိုး
ငါ့အချစ်နဲ့
ရက်ဖောက်ထားတဲ့ စကားလုံးတွေခမျာ
မင်းရယ်သံလေးကို
ဆာလောင်မွတ်သိပ်လို့ ...
မင့်မျက်ဝန်းက
နှင်းဆီဝိုင်တစ်ခွက်နဲ့တင်
စိတ်ကြီးဝင်ခဲ့ပြီးနောက်
ငါ့နှစ်ဆယ့်လေးနာရီဟာ
မင်းအတွက်
အချိန်မရွေးပေါ့ ...
"ဘယ်"
ကိုလှမ်းပြီး လှမ်းကြည့်မိတယ် ...
မင်းက
"ညာ" လို့ မပြောသေးတော့
ငါ့ပန်းတိုင်ဟာ
ဝေးလို့နေတုန်းပဲ ....။
..............................................
..............................................
စိုးသူရ
The
Best English Magazine, 2009 March
No comments:
Post a Comment