ဇာတ်လမ်းဟာ
နဖူးစပ်က ချွေးစက်လေးတွေက စတာပဲ ...
အနမ်းဟာ
နှုတ်ခမ်းဖျားတွေမှာ
ချိုမြိန်သာယာစွာ ဖူးပွင့်လို့ ...
လွင့်နေတယ်
ဘယ်သူမှ မရှိတဲ့ လေဟာနယ်ထဲ နှစ်ယောက်အတူ ...
အပေးအယူ အညီအမျှ ...
တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ ...
အထိအတွေ့က
စက္ကန့်တိုင်းမှာ လှလှပပ ထူးခြား ...
ခြေဖျား လက်ဖျားတွေ
အလိုလိုနေရင်း တုန်ရီအေးစက် ...
အပြန်အလှန်ထွက်သက်အောက်မှာ
တင်းထားတဲ့ မာနတွေ ပြေလျော့ ...
သက်ပြင်းကို ဖျော့ဖျော့လေးချ ...
ဒီညလေး ကုန်သွားမှာ စိုးရိမ်စိတ်နဲ့
တစ်ယောက်ကို တစ်ယောက် အရိပ်တကြည့်ကြည့် ...
ငြိသွားတာလား
မိသွားတာလား ...
ခွဲခြားလို့ မသိသေးခင်
နှစ်ဦးသားရဲ့ ဆင်ခြင်တုံတရားတွေကို ရိုက်ချိုး ...
တိတ်တခိုး နယ်မြေတစ်ဖက်စီ
ကြည်ကြည်နူးနူး ရောက်ရှိလာတဲ့ အိပ်မက် ...
ခုထိ မက်လို့ ကောင်းနေတုန်း ...
အမှောင်ထုကို ရင်ခုန်အပြုံးတွေနဲ့
အသေအချာ လင်းပစ်လိုက်တော့တယ် ...
#SoeThuRa
(22-4-2015)
No comments:
Post a Comment